App-Suche

အင်္ဂလိပ် − နားထောင် စကားပြော

com.sarkyitite.englishspeaking
Education Kostenlos Everyone In Google Play öffnen
500+
Installationen · ≈502
—
0 Bewertungen
—
erste Veröffentlichung
2026-11-02
letzte Aktualisierung

Beschreibung

အင်္ဂလိပ် စကားပြော၊ နေ့စဉ်သုံး၊ လုပ်ငန်းခွင်သုံး၊ အသုံးဝင်များ App အပြည့်အစုံ။

အင်္ဂလိပ်စကားကို ပြောတတ်ဆိုတတ်ဖြစ်အောင် အထူးရည်ရွယ်ထားတဲ့ Listening & Speaking လေ့ကျင့်ရေး App ဖြစ်ပါတယ်။ ကျောင်းမှာ သင်ခဲ့ရပေမယ့် လက်တွေ့မပြောတတ်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ဘယ်သူတွေအတွက်လဲ။ ✦ နိုင်ငံရပ်ခြားသွားမည့်သူများ – မလေးရှား၊ ဒူဘိုင်း၊ စင်ကာပူ စသည့် အင်္ဂလိပ်စကားပြောနိုင်ငံများသို့ အလည်အပတ် သို့မဟုတ် အလုပ်အကိုင် သွားရောက်မည့်သူများ ✦ ကျောင်းသင်ခဲ့ပေမယ့် မပြောတတ်သူများ – အင်္ဂလိပ်စာကို စာသင်ကျောင်းများတွင် သင်ယူခဲ့ပြီးမှ လက်တွေ့မပြောတတ်၊ မဆိုတတ်၊ အသုံးမပြုနိုင်ဖြစ်နေသူများ ✦ Listening & Speaking တိုးတက်လိုသူများ – နားထောင်မှုနှင့် စကားပြောစွမ်းရည် မြှင့်တင်လိုသူများ ✦ အလုပ်ခွင်အတွက် ပြင်ဆင်နေသူများ – အလုပ်အင်တာဗျူး၊ ဖုန်းဖြေဆိုမှု၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပြင်ဆင်လိုသူများ အဓိကပါဝင်သည့် အကြောင်းအရာ ၃ ပိုင်း 🎧 (၁) လေ့ကျင့်မယ် (နားထောင် + လိုက်ပြော) အင်္ဂလိပ်စကားပြောကို အသံထွက်မှန်မှန်နဲ့ ပြောတတ်လာစေရန် နားထောင်ပြီး လိုက်ပြောလေ့ကျင့်နိုင်တဲ့ အပိုင်း ဖြစ်ပါတယ်။ ✦ ၉၀၀ စကားပြောနည်း (အပြည့်အစုံ) – နေ့စဉ်သုံးစကားပြော ၉၀၀ ကျော်ကို အခြေအနေအလိုက် စုစည်းပေးထားသည်။ ✦ လင်ဂွာဖုန်း – ကျွမ်းကျင်သော သင်ကြားနည်းစနစ်ဖြင့် စကားပြောလေ့ကျင့်နိုင်သည်။ ✦ အသံထွက်နှင့် လေယူလေသိမ်း – မှန်ကန်သော အသံထွက်ကို လေ့ကျင့်နိုင်သည်။ 🏠 (၂) နေ့စဉ်သုံး နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် အခြေအနေတွေအတွက် စကားပြောများကို လေ့လာနိုင်တဲ့ အပိုင်း ဖြစ်ပါတယ်။ ✦ မိသားစုအယ်ဘမ် (Family Album) – မိသားစုနှင့် အိမ်တွင်းသုံး စကားပြောများ ✦ နေ့စဉ်သုံး (Daily Use) – မနက်အိပ်ရာထချိန်မှ ညအိပ်ရာဝင်ချိန်အထိ နေ့စဉ်သုံး စကားပြောများ ✦ အင်္ဂလိပ်အကြောင်းအရာ (English Topics) – အကြောင်းအရာအမျိုးမျိုးအတွက် ဆွေးနွေးပြောဆိုပုံများ 💼 (၃) လုပ်ငန်းခွင်သုံး အလုပ်ခွင်နှင့် စီးပွားရေးဆိုင်ရာ စကားပြောများကို အထူးပြုလေ့လာနိုင်တဲ့ အပိုင်း ဖြစ်ပါတယ်။ ✦ အလုပ်အင်တာဗျူး (မေးဖြေ) – အင်တာဗျူးတွင် မေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများ ✦ ဖုန်းဖြေဆိုနည်း – ဖုန်းဖြင့် စကားပြောဆိုပုံ၊ ဖုန်းကိုင်တွယ်ပုံများ ✦ Customer Service – ဖောက်သည်ဝန်ဆောင်မှု စကားပြောများ ✦ စားသောက်ဆိုင် – စားသောက်ဆိုင်တွင် အမှာစာမှာယူခြင်း၊ ဧည့်ခံခြင်းဆိုင်ရာ စကားပြောများ ✦ ဟိုတယ် – ဟိုတယ်တွင် ကြိုဆိုခြင်း၊ အခန်းမှာယူခြင်း၊ ဝန်ဆောင်မှုများအတွက် စကားပြောများ ✦ လေယာဉ်ဝန်ထမ်း – လေယာဉ်ပေါ်တွင် ခရီးသည်များအား ကြိုဆိုခြင်း၊ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ စကားပြောများ အပိုင်းတိုင်းတွင် ပါဝင်သော အကြောင်းအရာများ ✦ စကားလုံးအသစ်များ (Vocabulary) ✦ အသံထွက် (Pronunciation) ✦ အသုံးပြုပုံ (Usage) ✦ အဓိပ္ပါယ် (Meaning) ✦ အကြောင်းအရာ (Context) တို့ကို တစ်ခန်းချင်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ဘယ်လိုအသုံးပြုမလဲ။ စာကြည့်တိုက် အင်္ဂလိပ်စကားပြော လေ့ကျင့်ရေး App သည် အင်္ဂလိပ်စကားပြောကို အဆင်ပြေပြေ မြန်မြန်ဆန်ဆန် ဖတ်ရှု လေ့လာ လေ့ကျင့်နိုင်စေရန် လေ့ကျင့်ခန်း၊ နေ့စဉ်သုံး၊ လုပ်ငန်းခွင်သုံးများကို စနစ်တကျ တင်ပြပေးထားပါသည်။ မလေးရှား၊ ဒူဘိုင်း၊ စင်ကာပူ စသည့် အင်္ဂလိပ်စကားပြောနိုင်ငံများသို့ အလည်အပတ်သွားမည့်သူများ၊ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ၊ သို့မဟုတ် အခြားရည်ရွယ်ချက်များဖြင့် အင်္ဂလိပ်စကားပြော လေ့လာမည့်သူတိုင်းအတွက် သင့်လျော်ပါသည်။ အထူးမှတ်ချက် သင်ယူသူအနေဖြင့် App ပါ သင်ခန်းစာများကို တစ်နေ့တည်း တစ်ထိုင်တည်းဖြင့် အားလုံးတတ်မြောက်သွားမည်ဟု မထင်မှတ်သင့်ပါ။ ဘာသာစကားတစ်ခုကို ကျွမ်းကျင်ရန် အချိန်နှင့် စိတ်ရှည်မှု လိုအပ်ပါသည်။ သင်ခန်းစာအကြောင်းအရာများကို နေ့စဉ် ပုံမှန်လေ့လာသွားခြင်းဖြင့် အင်္ဂလိပ်ဘာသာစကားဆိုင်ရာ သင်၏ ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြောကို ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့ ယခုပဲ ဒေါင်းလုဒ်လုပ်ပြီး စတင်လေ့ကျင့်လိုက်ပါ။

Details

Version1.0
Mindestversion Android8.1
Rezensionen0
Website des Entwicklerssarkyitite.com
Verfügbar inVereinigte Arabische Emirate, Bangladesch, Indonesien, Irak, Japan, Südkorea, Laos, Sri Lanka, Myanmar, Malaysia, Nepal, Oman und 4 weitere
Entwicklerkontakteim Business-Tarif
Erfasst2026-11-23

Chart-Platzierungen

In 1 Charts in 1 Ländern, bester Platz: 140.

Myanmar · free#140 EDUCATION

Diese Daten in der API

Der vollständige Eintrag als JSON kostet 1 Token.

curl -H "X-API-Key: YOUR_KEY" \
  "https://apkapi.com/api/v1/app?id=com.sarkyitite.englishspeaking"