Beschreibung
It is easy to find items that are stored in storage and easily retrieved
မိမိတို့ အိမ်မှာ ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေ များများစားစား ရှိတယ်ဆိုရင်တော့ တစ်ခုခု လိုလို့ ရှာရပြီဆိုရင် ခက်ခဲကြတယ်ဆိုတာ ကြုံဖူးသူတိုင်တော့ သိကြမှာပါ။
အဓိကကတော့ ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေက သူ့နေရာနဲ့ သူ ထားကြ ရှိကြပေမယ့်လည်း ဒါတွေ အားလုံးကို လူတစ်ယောက် မှတ်ဉာဏ်ထဲ သိမ်းထားဖို့တော့ တချို့သူတွေအတွက် ခက်ခဲနိုင်ကြပါတယ်။
လုပ်ငန်း လုပ်နေတဲ့ သူတွေဆိုရင် အလုပ်သမား အဝင် အထွက်မှာ ဘယ်ပစ္စည်းက ဘယ်လို ဘယ်နေရာမှာဆိုတာ ချက်ခြင်း ကျင့်သားရဖို့ မလွယ်ပြန်ပါဘူး။
ဒါတွေ အားလုံးကို အထိုက်အလျောက် ကူညီဖြေရှင်းနိုင်ဖို့ပဲ ဒီဆော့ဝဲလေး ဖန်တီဖြစ်ခဲ့တာပါ။ လုပ်ငန်းတိုင်း လူတိုင်းအတွက်တော့ ကွက်တိ အသုံးတည့်ချင်မှ တည့်မှာပါ။ သို့ပေမယ့် တစ်စုံတစ်ရာ အထောက်အကူဖြစ်ရင်ပဲ ဖန်တီးပေးရကျိုး နပ်ပါပြီ။
Neuigkeiten
QR, Barcode နဲ့ ပစ္စည်းတွေ ရှာနိုင်ပါပြီ